Photo

Monday, April 15, 2019

ဗွမ်း

April 15, 2019 0 Comments
 

ခါတော်မီ နှစ်သစ်ကူးမှာ
အမှာတော်ပါးလို့
ကြင်လင်အေးမျှပါစေကြောင်းလို့
ဆုမွန်ကောင်းတောင်းလို့
အစလေးချီ ၊ စာသံလေသံ
ကဗျာလေးပါးလိုက်ပါတယ်
ပူပြင်းလွန်းတဲ့ ၊ ဂိန်မာန်ကာလ
အပူတို့အား ၊ အတာရေလောင်းလို့
အေးမျှစေ၍
ရင်တွင်းအပူ ၊ ရင်းတွင်းရေအေး
ပတ်ဖျန်းပေး၍ အေးမျှစေလို
အချိန်ရယ်မအားလို့
စာမပြန်ဖုန်းမထွက်လို့
စိတ်ညိုနေရင် သိကြားမင်းကြီး
ဆေးကလောင်တံဖြင့် ၊ ဒီနှမငယ်
အပူကြီးလှဘိလို့ ၊ ပေလွှာထက်
မှတ်တမ်းတင်းရော့မယ်
အတာရေနှင့်အတူ
ဒီမောင်ရင်ထဲ ရေခဲရေဖြင့်
ပတ်ဖျန်းပေးရင်း
နှစ်သစ်မှာ ပျော် ရွှင် အေးချမ်ပါစေ
ချစ်ရတဲ့သူရေ။
ဗွမ်း ဗွမ်း.....

ဝါးတံတားလေး

April 15, 2019 0 Comments
လွန်ခဲ့တဲ့လေးငါးနှစ်က အလွမ်းပြန်တွေ့သလိုပဲ  ကျွန်တော်တို့ရွာဟာဆို မြို့ပဲတက်တဲ့လမ်းနှစ်ဖက်ဟာချောင်းနှစ်ချောင်းနဲ့တားဆီးထားတာကြောင့် မိုးရာသီမှာ မြို့ပေါ်တက်ဖို့အရေးဟာ စက်လှေနဲ့ရေကြောင်းကို အားထားရတယ် နွေရာသီဆိုလည်း ချောင်းထဲမှာ စမ်းရေတော့်ရှိနေသေးတဲ့အတွက် ဆိုင်ကယ်ဖျတ်မောင်းလို့အဆင်မပြေတော့် နွေရာသီအတွက် ယာယီ ဝါးတံတားလေးထိုးပြီး ချောင်းဆိုတဲ့အတားအဆီးကို ကျော်ဖြတ်ရတာပေါ့ ။  အခုက အမျိုးတွေရှိတဲ့ဒိုက်ဦးမြို့နယ်အရှေ့ခြမ်းက ချောင်းခွဲ လက်တက်တွေများတာကြောင့် အဲ့ဒေသမှာ တံတားတွေဟာ အသက်ပါပဲ ကိုယ်နိုင်သလောက် နီးစပ်ရာအိမ်တွေပေါင်းပြီး တံတားက ထိုးကြတာပါပဲ ရွာတစ်ရွာမှာ အနည်းဆုံး တံတားသုံးစင်းလောက်ရှိတာပေါ့။ အဲ့ဝါးတံတားလေးတွေ့တော့် အရင်က နွေရာသီ ယာယီတံတားလေးတွေပြန်သတိရသွားတယ်။ အခုတော့် ကျွန်တော်တို့ရွာအတွက် RC တံတားကောင်းကောင်းတစ်စင်းနဲ့ နွေမိုးဆောင်း ဖြတ်သန်းသွားလာနိုင်သွားပြီ

Thursday, April 11, 2019

ဓာတ်ဖမ်းခြင်း

April 11, 2019 0 Comments


ရွာဦးဘုန်းကြီးကျောင်းမှာ ဖမ်းထားသော ဓာတ်ပုံများပါ
ကျွန်တော်တို့ပအိုဝ်ႏလူမျိုးများ၏၉၉.၉၉ရာခိုင်နှုန်းသည်
ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်

Monday, April 8, 2019

Monday, April 1, 2019

ပအိုဝ်ႏဆရာဖြစ်သင်တန်း

April 01, 2019 0 Comments
လေးကြိမ်မြောက်
ပအိုဝ်ႏဆရာဖြစ်သင်တန်းကို ဒိုက်ဦးမြို့နယ်
မအူတောကျေးရွာတွင် ပြုလုပ်ကျင်းပြနေပြီး
ပအိုဝ်ႏစာပေနှင့်ယဉ်ကျေးမှု မပပျောက်ရေးနှင့်အတူ ချင်းချင်းအေးအတူပူအမျှ နှင့် လက်တွဲနိုင်ဖို့ ရည်ရွယ်လျှက်ရှိပါသည်။