Photo

Saturday, December 22, 2018

# building # travel

ဓာတ်ပိုး


     ဓာတ်ပုံဝါသနာပိုးကိုဘယ်အချိန်ကတည်းကစပြီးစိတ်ဝင်စားတာလဲလို့မေးရင်    2016အစောပိုင်းလောက်ကစတင်ပါတယ်  Phuketကိုရောက်သွားတဲ့အချိန်  အသက်18နှစ်တောင်မပြည့်သေးပါဘူး  ဟိုရောက်တော့မြန်မာပြည်ကိုအသေလွမ်းတာ လွမ်းတာ  သင်္ကြန်ဆိုလည်းသတိရ သီတင်းကျွတ်ဆိုလည်းသတိရ  ကိုယ့်မှာကဘာပွဲတော်ရှိရှိ အခန်းကျဉ်းလေးထဲကနေ ဖုန်းလေးကြည့်ပြီး မြန်မာပြည်ကဆင်နွှဲနေကြတဲ့ ပွဲတော်ကို likeထိုင်ပေးနေရတဲ့အဖြစ် 
တနေ့ကိုယ့်accountထဲက သူငယ်ချင်းက ဆရာဦးခင်မောင်သွင်ရဲ့  များစွာသောဓာတ်ပုံတွေထဲကမှ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိရှင်ကို ဒီဘက်ကမ်းကလှမ်းရိုက်ထားတဲ့ပုံလေးကိုShareလာတယ်     အဲမှာတင် အဲဒီပုံလေးကကိုယ့်ရင်ကိုထိတော့တာပဲ   အဲမှာပိုးစဝင်တာပဲ  
ကင်မရာလည်းမဝယ်နိုင်သေးတော့ဖုန်းနဲ့ကလစ်တော့တာ  
တကယ်အဲတုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေရှိသေးတယ် ဒါပေမယ့်ဘယ်သူ့မှမပြပါဘူး ရှက်လို့😅 စုတ်ပြတ်သပ်နေတာပဲ 
(အခုလည်း စုတ်ပြတ်သပ်တုန်းပါပဲ ကြိုးစားဆဲ) 
ကိုယ်တို့ဓာတ်ပုံလောကမှာ ဆိုရိုးစကားတစ်ခုတောင်ရှိသေးတယ်မဟုတ်လား  ဘာတဲ့ " သင်ပထမဆုံးရိုက်တဲ့ပုံတစ်သောင်းကအဆိုးရွားဆုံးပုံတွေပါ" တဲ့    ဆိုလိုတာက လေ့ကျင့်ရင်းရိုက်ရင်းနဲ့ကမှ ပိုမိုကောင်းမွန်သွားတာပါ    ဒီတော့များများလေ့ကျင့် များများရိုက်ပါတဲ့      
  အင်း စကားလမ်းကြောင်းတွေလွဲကုန်တော့မယ် ဆိုတော့ကာအကျဉ်းချုပ်ရရင် 2016ကတည်းကဖုန်းကလေးနဲ့ဟိုရိုက်ဒီရိုက် အဲကနေစတင်ခဲ့တဲ့ဝါသနာပိုးက အခုဆိုတဖြေးဖြေးနဲ့ကြီးထွားလာခဲ့ပြီ
  အိမ်မက်တွေနဲ့
     ရည်မှန်းချက်တွေနဲ့
         ခွန်အားတွေနဲ့  
             သတ္တိတွေနဲ့  ခြေတလှမ်းကိုအရင်စတင်ခဲ့ပါပြီ

No comments:

Post a Comment