လွမ်းသူ့ဆီသို့ ခွန်နိင်ကို June 25, 2019 0 Comments အရှေ့ရပ်ဝယ် ၊ ရောင်နီလာလို့ ကျေးငှက်သီကြူး ၊ အာရုံဦးမှာ ကော်ဖီတစ်ခွက် ၊ ခံတွင်းစွပ်ချိန် ငှက်ဖော်မောင်နှံ ၊ တူယှဉ်ပျံဝဲ ပျော်ရွှင်နေပုံ ၊ မြင်ကွင်းရယ်ကြောင့် ရင်တွင်းအလွမ်း ၊ ပိုမိုနက်ကာ ငှက်ကလေးလို ၊ တောင်ယံဖြန့်လို့ မေ့ဆီအမြန် ၊ ရောက်လှမ်းလာချင် လွမ်းသူ့ဆီသို့။ Continue reading... # Pome Facebook Twitter Google+ Pinterest Linkedin
ဗွမ်း ခွန်နိင်ကို April 15, 2019 0 Comments ခါတော်မီ နှစ်သစ်ကူးမှာအမှာတော်ပါးလို့ကြင်လင်အေးမျှပါစေကြောင်းလို့ဆုမွန်ကောင်းတောင်းလို့အစလေးချီ ၊ စာသံလေသံကဗျာလေးပါးလိုက်ပါတယ်ပူပြင်းလွန်းတဲ့ ၊ ဂိန်မာန်ကာလအပူတို့အား ၊ အတာရေလောင်းလို့အေးမျှစေ၍ ရင်တွင်းအပူ ၊ ရင်းတွင်းရေအေး ပတ်ဖျန်းပေး၍ အေးမျှစေလိုအချိန်ရယ်မအားလို့ စာမပြန်ဖုန်းမထွက်လို့ စိတ်ညိုနေရင် သိကြားမင်းကြီးဆေးကလောင်တံဖြင့် ၊ ဒီနှမငယ် အပူကြီးလှဘိလို့ ၊ ပေလွှာထက် မှတ်တမ်းတင်းရော့မယ်အတာရေနှင့်အတူ ဒီမောင်ရင်ထဲ ရေခဲရေဖြင့် ပတ်ဖျန်းပေးရင်းနှစ်သစ်မှာ ပျော် ရွှင် အေးချမ်ပါစေချစ်ရတဲ့သူရေ။ဗွမ်း ဗွမ်း..... Continue reading... # Pome Facebook Twitter Google+ Pinterest Linkedin
နှစ်သစ်ဆုတောင်း ခွန်နိင်ကို March 29, 2019 0 Comments လေရူးရယ်ပွေ ၊ မိုးပြေးလေနှင့်ပန်းပိတောက်ဝေ ၊ ရွက်ဟောင်းကြွေတဲ့မြန်မာ့နှစ်ကူး ၊ အတာထူးတော့်မည်။နှစ်ဟောင်းကာလ ၊ နွမ်းရယ်မကြည်ညစ်ကြေးဟောင်းတို့ ၊ နှစ်သစ်ရယ်သို့မဆောင်ကြည်းပဲ ၊ အတာရေနှင့်အပြောင်ဆေးလို့ ၊ လန်းဆန်းပါစေချစ်သူလေးရေ။နွေရဲ့အပူ ၊ ထန်လွန်းလှလို့ နွမ်းလျှမှုတွေ ၊ အတာရေအေးပတ်ကာဖြမ်းလို့ ၊ အေးချမ်းပါစေ။စိတ်ချမ်းကိုယ်သာ ၊ အေးချမ်းမှုပေါင်းရွှေထီးဆောင်းလို့ ၊ ဆီးကြိုးပါစေထိုထိုဆုတောင်း ၊ ဒီမောင်တစ်ယောက်နှစ်သစ်စကား ၊ အကြိုပါးလိုက်ပါ၏ချစ်သူလေးရယ်။ Continue reading... # Pome Facebook Twitter Google+ Pinterest Linkedin
မချမ်းနိုင် ခွန်နိင်ကို November 04, 2018 0 Comments နှင်းမြူသွယ်တဲ့ ၊ ဟေမာန်ရာသီ အေးချမ်းလှတဲ့ ၊ ဆောင်းတွင်းချိန်ဝယ် တူနှစ်ကိုယ်မှာ ၊ ရင်ငွေ့နွေးနွေး ပြန်လှန်ပေး၍ ၊ မချမ်းနိုင်ပါ နှစ်ကိုယ်ရယ်တူ ၊ မျက်နှာချင်းအပ် အကြည့်တွေက ၊ ဘယ်ခါမစိမ်း အမြဲလိုလို ၊ ရင်တွင်းရထား ခုတ်မောင်းလျှက်ပင်။ Continue reading... # Pome Facebook Twitter Google+ Pinterest Linkedin
ရွက်လှေကလေး ခွန်နိင်ကို October 21, 2018 0 Comments ကမ်းမမြင် ၊ခေါ်လို့မကြားဒီလှိုင်းကထန် ၊ မုန်တိုင်းကြမ်းသည့်သမုဒ္ဒရာ ၊ ရေပြင်ထက်မှလူးလိမ့်ကာ ၊ လှိုင်းလေကြားမှာရွက်လှေကလေး ၊ သွားလာနေ။လှိုင်းဒဏ်ကြား ၊ တက်ရယ်မစုံမုန်တိုင်းလည်းထန် ၊ ရွက်တိုင်ကတော့် မခံနိုင်ပြီ ။မုန်တိုင်းဒဏ် ၊ လှိုင်းဒဏ်ကို အားပြိုင်ကာလို့ ၊ ဟိုတစ်ဖက်ကမ်းအရောက်လှမ်းမည့် ၊ ရွက်လှေကလေး။သစ္စာတော် ၊ အလံဖြူနှင့်တစ်ဖက်ကမ်းက ၊ ဆိပ်ကမ်းကလေးဆီးကြိုနေမှာလား။မျှော်လင့်ချက်ကို ၊ အားပြုပါလို့ဒီလှိုင်းကထန် ၊ မုန်တိုင်းကကြမ်းကြောက်ခမ်းလိလိ ၊ ရေအလျှင်မကြောက်ပါ ၊ အရောက်လှမ်းမည်ဆိပ်ကမ်းကလေး ၊ မျှော်နေမလား။ Continue reading... # Pome Facebook Twitter Google+ Pinterest Linkedin