Photo

Monday, April 15, 2019

ဝါးတံတားလေး

လွန်ခဲ့တဲ့လေးငါးနှစ်က အလွမ်းပြန်တွေ့သလိုပဲ  ကျွန်တော်တို့ရွာဟာဆို မြို့ပဲတက်တဲ့လမ်းနှစ်ဖက်ဟာချောင်းနှစ်ချောင်းနဲ့တားဆီးထားတာကြောင့် မိုးရာသီမှာ မြို့ပေါ်တက်ဖို့အရေးဟာ စက်လှေနဲ့ရေကြောင်းကို အားထားရတယ် နွေရာသီဆိုလည်း ချောင်းထဲမှာ စမ်းရေတော့်ရှိနေသေးတဲ့အတွက် ဆိုင်ကယ်ဖျတ်မောင်းလို့အဆင်မပြေတော့် နွေရာသီအတွက် ယာယီ ဝါးတံတားလေးထိုးပြီး ချောင်းဆိုတဲ့အတားအဆီးကို ကျော်ဖြတ်ရတာပေါ့ ။  အခုက အမျိုးတွေရှိတဲ့ဒိုက်ဦးမြို့နယ်အရှေ့ခြမ်းက ချောင်းခွဲ လက်တက်တွေများတာကြောင့် အဲ့ဒေသမှာ တံတားတွေဟာ အသက်ပါပဲ ကိုယ်နိုင်သလောက် နီးစပ်ရာအိမ်တွေပေါင်းပြီး တံတားက ထိုးကြတာပါပဲ ရွာတစ်ရွာမှာ အနည်းဆုံး တံတားသုံးစင်းလောက်ရှိတာပေါ့။ အဲ့ဝါးတံတားလေးတွေ့တော့် အရင်က နွေရာသီ ယာယီတံတားလေးတွေပြန်သတိရသွားတယ်။ အခုတော့် ကျွန်တော်တို့ရွာအတွက် RC တံတားကောင်းကောင်းတစ်စင်းနဲ့ နွေမိုးဆောင်း ဖြတ်သန်းသွားလာနိုင်သွားပြီ

No comments:

Post a Comment