Photo

Sunday, December 1, 2019

Ooredoo freenet 2

December 01, 2019 3 Comments
Ooredoo ဟိုတလောလေးတုန်းက
Sever ‌ကြောင်ပြီးဘာ vpn ဖြင့်ဖြင့်
ချိတ်ပြီး ‌ဘေသုည နဲ့သုံးလို့ရနေကြတယ်
အခုက အဲ့လောက်မရတော့်ဖူး
သုံးလို့ရမယ့်နည်းလမ်းတစ်ခုကတော့်ရှိပါတယ်
အသုံးများတဲ့ Anony Turn လေးနဲ့ပါပဲ
လွယ်လွယ်လေးပါ
4G Network နဲ့မချိတ်တဲ့အတွက်
3G Network (H+) ဖြင့်ပြောင်းသုံးကြည့်ပါ
တန်းချိတ်ပါတယ်
Free ရနိုင်ကြပါစေ

Thursday, November 28, 2019

Ooredoo Netfree

November 28, 2019 0 Comments
Ooredoo internet ကို Http injector ဖြင့်
စမ်းသပ်ထားကြည့်ပါတယ်
အောက်ပါဖိုင်မှာ http injector အတွက်
ဖိုင်ကို download ရယူပါ
ပြီးရင် http injector ထဲမှ import လုပ်ပြီး သုံးကြပါဗျ
တစ်ခါနဲ့ မချိတ်ရင်ရင် ခဏလောက်တော့်စောင့်ပေးပါ
>>>http injector ehi downloa<<<

Thursday, October 31, 2019

Ssh အကောင့်နှင့် Payload တည်ဆောက်ပုံ(Http Injector)

October 31, 2019 0 Comments

တောင်းထားတဲ့ လူတွေ အတွက်ပါ
Ssh အကောင့်နဲ့
payload တည်ဆောက်ပုံတို့ကို
လုပ်ပြပေးထားပါတယ်
#Http Injector


Monday, October 28, 2019

Mytel Internet Free

October 28, 2019 0 Comments
Mytel ကို ml တစ်နှစ်စာပေါက်ထားသူများအတွက်
အခြားအရာတွေပါ အင်တာနက် အလားသုံးလို့ရအောင်တင်ပေးလိုက်ပါတယ်
အောက်ပါ ဖိုင်တို့ကို လိုအပ်ပါတယ်

၎င်း ထဲမှာသုံးမည့် config file ကို
အောက်ပါလင့်မှာယူပါ
config file တွေအတော်များများဟာ
သက်တမ်း ၃ရက်၅,၇,၃၀ ဆိုပြီးပဲရှိကြတာများပါတယ်
ဒီဟာလေးကတော့် အမြဲတမ်းရနိုင်အောင်လုပ်ထားပေးပါတယ်
Lifetime ဖြစ်တဲ့အတွက်
တစ်ခါတရံ ssh sever ကျပ်နေပြီး ချိတ်ရတာ နည်းနည်းကြာတာရယ်
တစ်ခါတလေ ပြန်ပြန်ပြုတ်သွားတာဖြစ်တက်ပါတယ်
file ကိုအောက်မှာ download ရယူနိုင်ပါတယ်

Monday, July 15, 2019

Tuesday, June 25, 2019

လွမ်းသူ့ဆီသို့

June 25, 2019 0 Comments

အရှေ့ရပ်ဝယ် ၊ ရောင်နီလာလို့
ကျေးငှက်သီကြူး ၊ အာရုံဦးမှာ
ကော်ဖီတစ်ခွက် ၊ ခံတွင်းစွပ်ချိန်
ငှက်ဖော်မောင်နှံ ၊ တူယှဉ်ပျံဝဲ
ပျော်ရွှင်နေပုံ ၊ မြင်ကွင်းရယ်ကြောင့်
ရင်တွင်းအလွမ်း ၊ ပိုမိုနက်ကာ
ငှက်ကလေးလို ၊ တောင်ယံဖြန့်လို့
မေ့ဆီအမြန် ၊ ရောက်လှမ်းလာချင်
လွမ်းသူ့ဆီသို့။

Monday, May 13, 2019

ပုဂံမြေ

May 13, 2019 0 Comments



သမိုင်းဝင်မြို့တော်ဟောင်း
ပုဂံမြို့ မှာ ကျွန်တော်တို့လေ့လာစရာ
မြောက်များစွာရှိပါ။
ပုဂံကိုရောက်တိုင်း 
ပုံလေးရိုက် ဘုရားထိုင်ရှစ်ခိုး
ရုံလေးနဲ့တော့် မပြန်လာစေချင်။
ပုဂံကို ဘယ်သူတွေက ဘယ်လို
တည်ဆောက်ခဲ့ကြတယ်၊
ဘယ်လိုလက်ရာတွေဖန်းတီးခဲ့လဲဆိုတာ
လေ့လာစေချင်တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
လက်ရှိခေတ်အချိန်ရဲ့
နည်းပညာတွေ မထွန်းတဲ့အချိန်
လက်ရှိပုထိုးတော်တွေကို
ဘယ်လိုတွက်ချက်မှုမျိုးတွေကြောင့်
နှစ်ရာချီခံနေတာလဲပေါ့။
နောက်ပြီး နံရံတွေပေါ 
ချယ်သထားတဲ့ ဆေးရေးတွေဟာ
ပုဂံခေတ်ရဲ့ အနုပညာရပ်ဝန်း
အစိတ်ပိုင်းတစ်ခုပါပဲ
မြင်အောင်ကြည့်ပါ။
ဟုတ်ကဲ့ 
ကျွန်တော်လည်းပုဂံကို
နောက်တစ်ခေါက်လောက်ထပ်သွားချင်ပါသေးတယ်။

Saturday, May 11, 2019

မူႏထံမှပေးပို့စာ

May 11, 2019 0 Comments

သို့ 
ချစ်ရပါသောမူႏရက်ခွန်ပေႏရေ
ဒီစာလေးကိုဖတ်နေချိန်မှာ မူႏမျက်နှာလေးကို မြင်ယောင်ပေးနေပါနော်
မူႏလည်း ဒီစာလေးကို ရေးနေချိန်မှာ ခွန်ပေႏ မျက်နှာလေးကို
မြင်ယောင်နေပြီး အလွမ်းဖြေနေရလို့ပါ
ခွန်ပေႏ အဝေးတစ်နေရာကို ရောက်သွားတိုင်း
မူႏစိတ်ပူမိတယ်.. ဝမ်းနည်းတယ်
တစ်ခါတစ်ခါ မူႏအလုပ်လုပ်ရတာလဲ မပျော်ဖူး
ခွန်ပေႏအကြောင်းပဲတွေးနေမိတယ်
တစ်ခါတစ်ခါကျရင် စိတ်အလိုမကျတာတွေ ဖြစ်မိတယ်။
 မိန်းကလေးတွေက စိုးရိမ်စိတ်များတယ်ခွန်ပေႏ
မူႏကပိုဆိုးတယ်လို့ခွန်ပေႏ ထင်နေမှာပဲနော်
တစ်ခါတစ်ခါ မူႏစိတ်ထိန်းပါတယ်
ဒါပေမယ့်… မရဖူး
တစ်ခါတစ်ခါ စိုးရိမ်စိတ်များလွန်းလို့
မူႏ..ကိုယ့်ကိုယ်ကို စိတ်ကုန်မိတယ်
ခွန်ပေႏကိုမယုံလို့မဟုတ်ပါဖူး
မူႏ အရင်က ခွန်ပေႏကိုပြောပြဖူးပါတယ်နော်
အဲ့နောက်ပိုင်း မူႏ အတွေးတွေ အရမ်းများခဲ့တယ်
မူႏက ငယ်ငယ်တည်းက စိတ်ဓာတ်ပျော့ညံ့ဖူးတယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်
အားမငယ်တက်တော့်အောင် နည်းလမ်းအမျိုးမျိုး
မူႏ ကြိုးစားပြီး အပြင်မှာ မူႏကိုမူႏ 
စိတ်ဓာတ်မာနေသလို ယောင်ဆောင်ခဲ့ရတယ်
စာတွေလည်း အများကြီးဖတ်ခဲ့ရတယ်။
နောက်ကွယ်မှာ .. မူႏငိုရတယ်
ခွန်ပေႏနဲ့ ချစ်သူမဖြစ်ခင်ထိပါပဲ။
ခွန်ပေႏကို မူႏစိတ်ညစ်တဲ့အခါ ဝမ်းနည်းတဲ့အခါတိုင်း
ဖွင့်ပြောမိတာတွေက မူႏသတိမထားမိပဲ ပြောခဲ့မိတာ
ငိုခဲ့တာတွေက မူႏပြန်စဉ်းစားကြည့်တိုင်း
အရမ်းအံ့ဩခဲ့တယ် … ခွန်ပေႏ
အဲ့နောက်ပိုင်း မူႏစိတ်အရင်လို 
စိတ်အားမငယ်တက်တော့်သလိုပဲ….
မူႏဘက်မှာ ခွန်ပေႏရှိနေသလို
ဘာလုပ်လုပ်အဲ့လိုခံစားရတယ်
ဒါပေမယ့် သူများတွေကြောင့်
ဘာမှမဖြစ်တော့်ပေမယ့်
ခွန်ပေႏဆီက စိတ်မကောင်းစရာတစ်ခုခု
ရလိုက်ရင်တော့် မူာသေမတက်ခံစားရတယ်။
ပိုပြီးခံစားရတယ်…
ဘာလို့လဲ...ခွန်ပေႏ
မူႏ..ဘာလို့ အဲ့လိုခံစားရတာလဲ.. မသိတော့်ဖူး


Wednesday, May 8, 2019

အချိန်လေးပေးပါ

May 08, 2019 0 Comments

<obj>
ကိုယ်တို့နှစ်ယောက်ကြားမှာ ငွေကြေးမလိုဖူးဆိုပေမယ့်
မိသားစုတွေ မျက်နှာမငယ်ရဖို့ ဖြည့်ဆည်းပေး
မိဘတွေ မပူပင်စေရတဲ့ အနေထားတစ်ခုတော့်လိုတယ်နော်
...

Monday, April 15, 2019

ဗွမ်း

April 15, 2019 0 Comments
 

ခါတော်မီ နှစ်သစ်ကူးမှာ
အမှာတော်ပါးလို့
ကြင်လင်အေးမျှပါစေကြောင်းလို့
ဆုမွန်ကောင်းတောင်းလို့
အစလေးချီ ၊ စာသံလေသံ
ကဗျာလေးပါးလိုက်ပါတယ်
ပူပြင်းလွန်းတဲ့ ၊ ဂိန်မာန်ကာလ
အပူတို့အား ၊ အတာရေလောင်းလို့
အေးမျှစေ၍
ရင်တွင်းအပူ ၊ ရင်းတွင်းရေအေး
ပတ်ဖျန်းပေး၍ အေးမျှစေလို
အချိန်ရယ်မအားလို့
စာမပြန်ဖုန်းမထွက်လို့
စိတ်ညိုနေရင် သိကြားမင်းကြီး
ဆေးကလောင်တံဖြင့် ၊ ဒီနှမငယ်
အပူကြီးလှဘိလို့ ၊ ပေလွှာထက်
မှတ်တမ်းတင်းရော့မယ်
အတာရေနှင့်အတူ
ဒီမောင်ရင်ထဲ ရေခဲရေဖြင့်
ပတ်ဖျန်းပေးရင်း
နှစ်သစ်မှာ ပျော် ရွှင် အေးချမ်ပါစေ
ချစ်ရတဲ့သူရေ။
ဗွမ်း ဗွမ်း.....

ဝါးတံတားလေး

April 15, 2019 0 Comments
လွန်ခဲ့တဲ့လေးငါးနှစ်က အလွမ်းပြန်တွေ့သလိုပဲ  ကျွန်တော်တို့ရွာဟာဆို မြို့ပဲတက်တဲ့လမ်းနှစ်ဖက်ဟာချောင်းနှစ်ချောင်းနဲ့တားဆီးထားတာကြောင့် မိုးရာသီမှာ မြို့ပေါ်တက်ဖို့အရေးဟာ စက်လှေနဲ့ရေကြောင်းကို အားထားရတယ် နွေရာသီဆိုလည်း ချောင်းထဲမှာ စမ်းရေတော့်ရှိနေသေးတဲ့အတွက် ဆိုင်ကယ်ဖျတ်မောင်းလို့အဆင်မပြေတော့် နွေရာသီအတွက် ယာယီ ဝါးတံတားလေးထိုးပြီး ချောင်းဆိုတဲ့အတားအဆီးကို ကျော်ဖြတ်ရတာပေါ့ ။  အခုက အမျိုးတွေရှိတဲ့ဒိုက်ဦးမြို့နယ်အရှေ့ခြမ်းက ချောင်းခွဲ လက်တက်တွေများတာကြောင့် အဲ့ဒေသမှာ တံတားတွေဟာ အသက်ပါပဲ ကိုယ်နိုင်သလောက် နီးစပ်ရာအိမ်တွေပေါင်းပြီး တံတားက ထိုးကြတာပါပဲ ရွာတစ်ရွာမှာ အနည်းဆုံး တံတားသုံးစင်းလောက်ရှိတာပေါ့။ အဲ့ဝါးတံတားလေးတွေ့တော့် အရင်က နွေရာသီ ယာယီတံတားလေးတွေပြန်သတိရသွားတယ်။ အခုတော့် ကျွန်တော်တို့ရွာအတွက် RC တံတားကောင်းကောင်းတစ်စင်းနဲ့ နွေမိုးဆောင်း ဖြတ်သန်းသွားလာနိုင်သွားပြီ

Thursday, April 11, 2019

ဓာတ်ဖမ်းခြင်း

April 11, 2019 0 Comments


ရွာဦးဘုန်းကြီးကျောင်းမှာ ဖမ်းထားသော ဓာတ်ပုံများပါ
ကျွန်တော်တို့ပအိုဝ်ႏလူမျိုးများ၏၉၉.၉၉ရာခိုင်နှုန်းသည်
ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်

Monday, April 8, 2019

Monday, April 1, 2019

ပအိုဝ်ႏဆရာဖြစ်သင်တန်း

April 01, 2019 0 Comments
လေးကြိမ်မြောက်
ပအိုဝ်ႏဆရာဖြစ်သင်တန်းကို ဒိုက်ဦးမြို့နယ်
မအူတောကျေးရွာတွင် ပြုလုပ်ကျင်းပြနေပြီး
ပအိုဝ်ႏစာပေနှင့်ယဉ်ကျေးမှု မပပျောက်ရေးနှင့်အတူ ချင်းချင်းအေးအတူပူအမျှ နှင့် လက်တွဲနိုင်ဖို့ ရည်ရွယ်လျှက်ရှိပါသည်။

Friday, March 29, 2019

နှစ်သစ်ဆုတောင်း

March 29, 2019 0 Comments
လေရူးရယ်ပွေ ၊ မိုးပြေးလေနှင့်
ပန်းပိတောက်ဝေ ၊ ရွက်ဟောင်းကြွေတဲ့
မြန်မာ့နှစ်ကူး ၊ အတာထူးတော့်မည်။
နှစ်ဟောင်းကာလ ၊ နွမ်းရယ်မကြည်
ညစ်ကြေးဟောင်းတို့ ၊ နှစ်သစ်ရယ်သို့
မဆောင်ကြည်းပဲ ၊ အတာရေနှင့်
အပြောင်ဆေးလို့ ၊ လန်းဆန်းပါစေ
ချစ်သူလေးရေ။
နွေရဲ့အပူ ၊ ထန်လွန်းလှလို့ 
နွမ်းလျှမှုတွေ ၊ အတာရေအေး
ပတ်ကာဖြမ်းလို့ ၊ အေးချမ်းပါစေ။
စိတ်ချမ်းကိုယ်သာ ၊ အေးချမ်းမှုပေါင်း
ရွှေထီးဆောင်းလို့ ၊ ဆီးကြိုးပါစေ
ထိုထိုဆုတောင်း ၊ ဒီမောင်တစ်ယောက်
နှစ်သစ်စကား ၊ အကြိုပါးလိုက်ပါ၏
ချစ်သူလေးရယ်။

Wednesday, March 13, 2019

မြန်မာယူနီကုဒ်နှင့် ကျွန်တော် ယူနီအိုဝ့်

March 13, 2019 0 Comments
ကျွ​န်တော် မြန်မာယူနီကို ၂၀၁၄ နှစ်ဝက်လောက်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ယခုဆိုရင် ၅နှစ်ဝန်းကျင် ရှိတော့်မှာပါ
၂၀၁၃ ခုနှစ်လောက်တုန်းက Google ကနေပြီး
G Translate ကို မြန်မာလို အသုံးပြုနိုင်ပြီလို့
ကြားသိပြီးတော့် Translate ကို အသုံးပြုနိုငဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ထိုအချိန်ခါကဖောင့်ဆိုတာ Zawgyi ကိုသာ သိရှိခဲ့ရပြီး Zawgyi Oneclick Installerတွေနဲ့ပျော်ပါးခဲ့တဲ့အချိန်ပါ။
Google Translate ဟာဇော်ဂျီဖောင့်နဲ့မရဖူး ယူနီကုဒ်နဲ့ပဲ ရမယ်ဆိုလို့ Installeတွေကို လိုက်ရှာ ခဲ့ပါတယ်။Installer ‌တွေမတွေ့ပဲ ‌တွေ့ခဲတာကတော့် Myanmar 3ဖောင့်ပါပဲ။ အဲ့အချိန်တုန်းက နည်းပညာ ဘလော့တွေမှာ နည်းပညာသမားတိုင်နည်းပညာသမားတိုင်း မြန်မာယူနီကုဒ်ကို အသုံးပြုကြသည်ဆိုတဲ့စာတွေနဲ့အတူ ဘလော့အတော်များများ
ယူနီကုဒ်နဲ့ရေးခဲ့ကြတယ်။အဲ့အချိန်ကျွန်တော်အသုံးပြုခဲ့တဲ့ ဖုန်းဟာ Mm Unicode အသုံးပြုလို့မရနိုင်ပါဖူး။ အသုံးပြုရအောင်ဆိုပြီး Custom Rom တင်ပြီး စတင်အသုံးပြုပေမယ့် ကိုယ်နဲ့ဆက်သွယ်နေတဲ့လူအတော်များများဟာဇော်ဂျီက ကနေကြပါတယ်။ ၂၀၁၄ အလယ်ပိုင်းမှာ ဖုန်းအပြောင်းလဲလုပ်တဲ့အခါမှာ Mm unicode ကို အခြေ​ပြုတဲ့  Notosan Myanmar Fontနဲ့အသုံးပြုခဲ့တယ်။​​​နောက်ပိုင်း Myanmar Unicode Area ထဲကို ‌ေရောက်ရှိသွားခဲ့ပြီး အသုံးပြုနည်း ‌ေတွေကို သိရှိ အသုံးပြုခဲ့တယ်။ ‌နောက်ထပ်အသုံးပြုမယ့်သူတွေကိုလည်း သိသလောက်တွေ‌ ကိုပြန်လ​ဝေ​မျှရင်းနဲ့နှစ်နှစ်ဝင်ဝင် အသုံးပြုခဲ့တယ်။ ကျွန်​တော် ဒီအကြောင်းတွေပြောလွန်းလို့ ကျွန်တော့်ကို ယူနီ အို့လို့တောင်ခေါ်ကြခဲ့ပါတယ်။
အမှန်တကယ်ဆို တိုင်းပြည်ရဲ့ E-Goverment  ကိုအကောင်ထည်ဖော်ဖို့ဆိုတာ ‌ဇော်ဂျီနဲ့မဖြစ်နိုင်တဲ့ကိစ္စပါ။‌စာဖတ်သူ​တွေဖောင့်နဲ့ ယူနီကုဒ်ကို ကွဲစေခြင်တယ် ။ဇော်ဂျီဟဖောင့်တစ်ခုပါ။ Unicode ဆိုတာ ‌ေဖောင့်မဟုတ်ပါဖူး ။ Union Standard ကို လိုက်နာပြီး ‌ေရေးဆွဲထားရင် ထိုဖောင့်သည် ယူနီကုဒ် အခြေခံတဲ့ဖောင့်ပါ။ယခုဆိုရင် အစိုးရ ရုံးတွေမှာ ပြည်ထောင်စုဖောင့်ကိုသာသုံးဖို့ မိန့်ထားပြီးပါပြီ ။ Myanmar 3နဲ့ ရိုက်ထားတဲ့ စာကို ပြည်ထောင်စုနဲ့ ပြန်လည်ပြောင်းလဲကြည့်ရှုနိုင်ပါတယ်။ ဒါဆို ပြည်ထောင်စုဖောင့်နဲ့ မြန်မာ၃ က ဘာကွာသွားလို့လဲပေါ့။ မြန်မာ၃မှာ တိုင်းရင်းသာဘာသာစကား ‌ေထောက်ပံမှုမပေးထားပါဖူး။ ပြင်ရခတ်တဲ့အခြေနေနှင့် အခြားသောကြောင်းရာများကြောင့် မြန်မာ၃ အစား ပြည်ထောင်စု အစားထိုးသုံးစွဲလာပါတယ်။
ကိုယ်နဲ့ဆက်သွယ်ရတဲ့လူတွေ ကျွန်တော့်ကို ဘယ်လိုပြောပြော မိမိတို့တိုင်းရင်းသားစာ တိုးတက်ဖို့နဲ့ မှန်ကန်စွာ အသုံးပြုနိုင်ဖို့ Myanmar Unicode ကိုသာ ဆက်လက်အသုံးပြုမယ်လို့ ဆုံးဖြတ်ပြီး ကိုယ်နဲ့နီးစပ်တဲ့ အပိုင်းကနေနိုင်သလောက် ကူညီမယ်လို့ ဆုံးဖြတ်ရင်း စာလေးအဆုံးသတ်ပါရစေခင်ဗျာ။

ပအိုဝ်ႏ အမျိုးသားနေ့အကြို နေပြည်တော် MICC2

March 13, 2019 0 Comments
နေပြည်တော်မှာကျင်းပ ပြုလုပ်ခဲ့တဲ့ 
ပအိုဝ်ႏအမျိုးသားနေ့အကြိုဓာတ်မှတ်တမ်အချို့



Wednesday, January 2, 2019