Photo

Tuesday, June 25, 2019

လွမ်းသူ့ဆီသို့

June 25, 2019 0 Comments

အရှေ့ရပ်ဝယ် ၊ ရောင်နီလာလို့
ကျေးငှက်သီကြူး ၊ အာရုံဦးမှာ
ကော်ဖီတစ်ခွက် ၊ ခံတွင်းစွပ်ချိန်
ငှက်ဖော်မောင်နှံ ၊ တူယှဉ်ပျံဝဲ
ပျော်ရွှင်နေပုံ ၊ မြင်ကွင်းရယ်ကြောင့်
ရင်တွင်းအလွမ်း ၊ ပိုမိုနက်ကာ
ငှက်ကလေးလို ၊ တောင်ယံဖြန့်လို့
မေ့ဆီအမြန် ၊ ရောက်လှမ်းလာချင်
လွမ်းသူ့ဆီသို့။