Photo

Monday, May 13, 2019

ပုဂံမြေ

May 13, 2019 0 Comments



သမိုင်းဝင်မြို့တော်ဟောင်း
ပုဂံမြို့ မှာ ကျွန်တော်တို့လေ့လာစရာ
မြောက်များစွာရှိပါ။
ပုဂံကိုရောက်တိုင်း 
ပုံလေးရိုက် ဘုရားထိုင်ရှစ်ခိုး
ရုံလေးနဲ့တော့် မပြန်လာစေချင်။
ပုဂံကို ဘယ်သူတွေက ဘယ်လို
တည်ဆောက်ခဲ့ကြတယ်၊
ဘယ်လိုလက်ရာတွေဖန်းတီးခဲ့လဲဆိုတာ
လေ့လာစေချင်တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက
လက်ရှိခေတ်အချိန်ရဲ့
နည်းပညာတွေ မထွန်းတဲ့အချိန်
လက်ရှိပုထိုးတော်တွေကို
ဘယ်လိုတွက်ချက်မှုမျိုးတွေကြောင့်
နှစ်ရာချီခံနေတာလဲပေါ့။
နောက်ပြီး နံရံတွေပေါ 
ချယ်သထားတဲ့ ဆေးရေးတွေဟာ
ပုဂံခေတ်ရဲ့ အနုပညာရပ်ဝန်း
အစိတ်ပိုင်းတစ်ခုပါပဲ
မြင်အောင်ကြည့်ပါ။
ဟုတ်ကဲ့ 
ကျွန်တော်လည်းပုဂံကို
နောက်တစ်ခေါက်လောက်ထပ်သွားချင်ပါသေးတယ်။

Saturday, May 11, 2019

မူႏထံမှပေးပို့စာ

May 11, 2019 0 Comments

သို့ 
ချစ်ရပါသောမူႏရက်ခွန်ပေႏရေ
ဒီစာလေးကိုဖတ်နေချိန်မှာ မူႏမျက်နှာလေးကို မြင်ယောင်ပေးနေပါနော်
မူႏလည်း ဒီစာလေးကို ရေးနေချိန်မှာ ခွန်ပေႏ မျက်နှာလေးကို
မြင်ယောင်နေပြီး အလွမ်းဖြေနေရလို့ပါ
ခွန်ပေႏ အဝေးတစ်နေရာကို ရောက်သွားတိုင်း
မူႏစိတ်ပူမိတယ်.. ဝမ်းနည်းတယ်
တစ်ခါတစ်ခါ မူႏအလုပ်လုပ်ရတာလဲ မပျော်ဖူး
ခွန်ပေႏအကြောင်းပဲတွေးနေမိတယ်
တစ်ခါတစ်ခါကျရင် စိတ်အလိုမကျတာတွေ ဖြစ်မိတယ်။
 မိန်းကလေးတွေက စိုးရိမ်စိတ်များတယ်ခွန်ပေႏ
မူႏကပိုဆိုးတယ်လို့ခွန်ပေႏ ထင်နေမှာပဲနော်
တစ်ခါတစ်ခါ မူႏစိတ်ထိန်းပါတယ်
ဒါပေမယ့်… မရဖူး
တစ်ခါတစ်ခါ စိုးရိမ်စိတ်များလွန်းလို့
မူႏ..ကိုယ့်ကိုယ်ကို စိတ်ကုန်မိတယ်
ခွန်ပေႏကိုမယုံလို့မဟုတ်ပါဖူး
မူႏ အရင်က ခွန်ပေႏကိုပြောပြဖူးပါတယ်နော်
အဲ့နောက်ပိုင်း မူႏ အတွေးတွေ အရမ်းများခဲ့တယ်
မူႏက ငယ်ငယ်တည်းက စိတ်ဓာတ်ပျော့ညံ့ဖူးတယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာအောင်
အားမငယ်တက်တော့်အောင် နည်းလမ်းအမျိုးမျိုး
မူႏ ကြိုးစားပြီး အပြင်မှာ မူႏကိုမူႏ 
စိတ်ဓာတ်မာနေသလို ယောင်ဆောင်ခဲ့ရတယ်
စာတွေလည်း အများကြီးဖတ်ခဲ့ရတယ်။
နောက်ကွယ်မှာ .. မူႏငိုရတယ်
ခွန်ပေႏနဲ့ ချစ်သူမဖြစ်ခင်ထိပါပဲ။
ခွန်ပေႏကို မူႏစိတ်ညစ်တဲ့အခါ ဝမ်းနည်းတဲ့အခါတိုင်း
ဖွင့်ပြောမိတာတွေက မူႏသတိမထားမိပဲ ပြောခဲ့မိတာ
ငိုခဲ့တာတွေက မူႏပြန်စဉ်းစားကြည့်တိုင်း
အရမ်းအံ့ဩခဲ့တယ် … ခွန်ပေႏ
အဲ့နောက်ပိုင်း မူႏစိတ်အရင်လို 
စိတ်အားမငယ်တက်တော့်သလိုပဲ….
မူႏဘက်မှာ ခွန်ပေႏရှိနေသလို
ဘာလုပ်လုပ်အဲ့လိုခံစားရတယ်
ဒါပေမယ့် သူများတွေကြောင့်
ဘာမှမဖြစ်တော့်ပေမယ့်
ခွန်ပေႏဆီက စိတ်မကောင်းစရာတစ်ခုခု
ရလိုက်ရင်တော့် မူာသေမတက်ခံစားရတယ်။
ပိုပြီးခံစားရတယ်…
ဘာလို့လဲ...ခွန်ပေႏ
မူႏ..ဘာလို့ အဲ့လိုခံစားရတာလဲ.. မသိတော့်ဖူး


Wednesday, May 8, 2019

အချိန်လေးပေးပါ

May 08, 2019 0 Comments

<obj>
ကိုယ်တို့နှစ်ယောက်ကြားမှာ ငွေကြေးမလိုဖူးဆိုပေမယ့်
မိသားစုတွေ မျက်နှာမငယ်ရဖို့ ဖြည့်ဆည်းပေး
မိဘတွေ မပူပင်စေရတဲ့ အနေထားတစ်ခုတော့်လိုတယ်နော်
...