Photo

Sunday, December 30, 2018

ကဇိုင်းတမံ

December 30, 2018 0 Comments


Myanmar Beautiful Landscape Photo
Ka Zine Dam/Bilin/Mon State
ဘီးလင်းမြို့နေ မြောက်အရပ်မှာရှိတဲ့ 
ကဇိုင်းဆိုတဲ့ ရွာဘေးနားမှာရှိတဲ့ 
စိုက်ပျိုးရေးအတွက် အသုံးပြုတဲ့ 
တမံလေးပါ
ညနေခင်းမှာ အရမ်းလှနေလို့ ရိုက်လာခဲ့တယ်

Saturday, December 29, 2018

ခေတ်ဟောင်းနံရံဆေးရေး

December 29, 2018 2 Comments


Old Wall Paint in Pagoda in myanmar. 
ကျွန်‌တော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေတ်ဟောင်း နံရံဆေးရေးတွေပါ ပုဂံဘုရားတွေမှာ အများဆုံး ကျန်ရစ်နေတယ် ပုဂံသွားရင် selfield ဆွဲဖို့ထက် အရင်ကသူတို့တွေ ဘယ်လိုတွေဖန်တီးခဲ့လဲဆိုတာကို လေ့လာစေချင်ပါတယ်
နောက်ပြီးမိမိကြောင့် ရှေးဟောင်းအမွေနှစ်တွေ မပျက်စီးစေဖို့ အထူးဂရုပြုသင့်ပါတယ်။
ဒါတွေက ပြန်မရနိုင်တဲ့ ယဉ်ကျေးမှု သက်သေ ပစ္စည်းတွေပါပဲ။

မြန်မာ့လက်မှုပညာ

December 29, 2018 0 Comments

နှီး၊ဝါး၊ကြိမ်တို့ပြုလုပ်ထားတဲ့ အသုံးဆောင်ပစ္စည်း တွေဟာ တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ လက်မှုပညာတွေပါပဲ 
နောက်ပြီးယွန်းထည်တွေဟာလည်း မြန်မာ့လက်မှု ပညာစစ်တွေပါပဲ
ပုဂံကို ရောက်ဖြစ်ခဲ့ရင် မြန်မာ့လက်ရာ 
ပစ္စည်းလေးတွေ အမှတ်တရ
ဝယ်တာဟာ တကယ့်ပုဂံအမှတ်တရပါပဲ

Wednesday, December 26, 2018

Tant Kyi Taung

December 26, 2018 0 Comments

ခရီးလေးသွားတော့် တောင်ပေါ်ကနေမြင်တဲ့
Lanscape မြင်ကွင်းကျယ်ပုံကို မရိုက်ရရင်မနေနိုင်အောင် ရိုက်မိရိုက်ရာ ရိုက်မိထားတာတဲ့ပုံပါပဲ
တန့်ကြည်တောင်

Sunday, December 23, 2018

Pyay

December 23, 2018 0 Comments

 အချိန်ကာလတွေတရွေ့ရွေ့ကုန်လွန်နေပေမယ့် အမှတ်တရတွေကတော့မကုန်လွန် မပြောင်းလဲခဲ့ပါဘူးကိုကြီးရယ် 
ဒီပုံလေးကို ဒီနေ့ရိုက်ပါတယ် ကိုကြီးကိုလွမ်းတဲ့နှလုံးသားနဲ့ခံစားပြီးရိုက်တယ်လို့ပြောရင် ကိုကြီးယုံပါ  ငါးကင်ရနံ့လေးလည်းရှိနေတယ်  ညချမ်းလေးလည်းသာသာယာယာရှိနေတယ်   ဒါပေမယ့် ကိုယ်သင်းရနံ့လေးတခုကိုတော့အမိအရလိုက်ရှာနေမိတယ်  ကိုယ်ကမိုက်မဲသူပါ(မရှိမှန်းသိသိကြီးနဲ့လေ)    

Saturday, December 22, 2018

ဓာတ်ပိုး

December 22, 2018 0 Comments


     ဓာတ်ပုံဝါသနာပိုးကိုဘယ်အချိန်ကတည်းကစပြီးစိတ်ဝင်စားတာလဲလို့မေးရင်    2016အစောပိုင်းလောက်ကစတင်ပါတယ်  Phuketကိုရောက်သွားတဲ့အချိန်  အသက်18နှစ်တောင်မပြည့်သေးပါဘူး  ဟိုရောက်တော့မြန်မာပြည်ကိုအသေလွမ်းတာ လွမ်းတာ  သင်္ကြန်ဆိုလည်းသတိရ သီတင်းကျွတ်ဆိုလည်းသတိရ  ကိုယ့်မှာကဘာပွဲတော်ရှိရှိ အခန်းကျဉ်းလေးထဲကနေ ဖုန်းလေးကြည့်ပြီး မြန်မာပြည်ကဆင်နွှဲနေကြတဲ့ ပွဲတော်ကို likeထိုင်ပေးနေရတဲ့အဖြစ် 
တနေ့ကိုယ့်accountထဲက သူငယ်ချင်းက ဆရာဦးခင်မောင်သွင်ရဲ့  များစွာသောဓာတ်ပုံတွေထဲကမှ ပြည်မြို့တဖက်ကမ်းက ရွှေဘုံသာမုနိရှင်ကို ဒီဘက်ကမ်းကလှမ်းရိုက်ထားတဲ့ပုံလေးကိုShareလာတယ်     အဲမှာတင် အဲဒီပုံလေးကကိုယ့်ရင်ကိုထိတော့တာပဲ   အဲမှာပိုးစဝင်တာပဲ  
ကင်မရာလည်းမဝယ်နိုင်သေးတော့ဖုန်းနဲ့ကလစ်တော့တာ  
တကယ်အဲတုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေရှိသေးတယ် ဒါပေမယ့်ဘယ်သူ့မှမပြပါဘူး ရှက်လို့😅 စုတ်ပြတ်သပ်နေတာပဲ 
(အခုလည်း စုတ်ပြတ်သပ်တုန်းပါပဲ ကြိုးစားဆဲ) 
ကိုယ်တို့ဓာတ်ပုံလောကမှာ ဆိုရိုးစကားတစ်ခုတောင်ရှိသေးတယ်မဟုတ်လား  ဘာတဲ့ " သင်ပထမဆုံးရိုက်တဲ့ပုံတစ်သောင်းကအဆိုးရွားဆုံးပုံတွေပါ" တဲ့    ဆိုလိုတာက လေ့ကျင့်ရင်းရိုက်ရင်းနဲ့ကမှ ပိုမိုကောင်းမွန်သွားတာပါ    ဒီတော့များများလေ့ကျင့် များများရိုက်ပါတဲ့      
  အင်း စကားလမ်းကြောင်းတွေလွဲကုန်တော့မယ် ဆိုတော့ကာအကျဉ်းချုပ်ရရင် 2016ကတည်းကဖုန်းကလေးနဲ့ဟိုရိုက်ဒီရိုက် အဲကနေစတင်ခဲ့တဲ့ဝါသနာပိုးက အခုဆိုတဖြေးဖြေးနဲ့ကြီးထွားလာခဲ့ပြီ
  အိမ်မက်တွေနဲ့
     ရည်မှန်းချက်တွေနဲ့
         ခွန်အားတွေနဲ့  
             သတ္တိတွေနဲ့  ခြေတလှမ်းကိုအရင်စတင်ခဲ့ပါပြီ