Photo

Sunday, September 26, 2021

Monday, September 20, 2021

ပြည်သူ့အသံ

September 20, 2021 0 Comments


“အောင်ဆန်းစုကြည်ကို မယုံဘူး”

=========


မြန်မာ့နိုင်ငံရေးအီလစ် အလွှာမှာဒေါ်စုနဲ့ပတ်သက်လာရင် အချက်အလက် (facts) တွေနဲ့ ရင်မဆိုင်ရဲကြသူတွေ၊ သတ္တိမရှိကြ သူတွေများလွန်းမက များလွန်းတော့ ဇာတ်ကြောင်းချပြောဆိုမှု (narrative) တွေနဲ့ လုံးချာလိုက်ပြီးပဲ ဒေါ်စုကို ရှုမြင်ကြတော့တယ်။ 


ဒေါ်စုဟာ တိုင်းရင်းသားတွေအသံကို နားမထောင်ဘူး။ ဒေါ်စုဟာ စစ်တပ်နဲ့ပဲ အရမ်းရင်ကြားစေ့တယ်။ ဒေါ်စုဟာ ရခိုင်ကိစ္စမှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ နောက်ဆုံးကျတော့ အချက်အလက်တွေဟာ မည်သို့ပင် ငြင်းမရအောင် ရှိနေပါစေ၊ အချက်အလက်တွေကို မေ့ပစ်လိုက်ကြပြီး၊ narrative တွေနဲ့ပဲ ရှင်သန်ကြတော့တယ်။ ဘာလို့ဆိုတော့- အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ချဉ်းကပ်ရင် ဒေါ်စုရဲ့ ရွေးချယ်မှုတွေဟာ တိုင်းပြည်တစ်ခုလုံးအတွက် မှောက်မှားသွားဖွယ်ရာမရှိလို့ ပေါ်လွင်နေတာကိုး။ ဒါပေမယ့် ဒေါ်စုကို တိုက်ခိုက်ပြီးမှ၊ အောင်ဆန်းစုကြည် အလာဂျီရှိပါတယ်လို့ မိမိကိုယ်မိမိ ဖက်ရှင်ကျကျ ဖြစ်စေပြီးမှ အချို့ နိုင်ငံရေးအီလစ်အသိုင်းအဝိုင်းကြားမှာ “ဂေါ်” တယ်လို့ သတ်မှတ်ခံရတာကိုး။ တစ်ကယ်တော့ ဂေါ်တာမဟုတ်ဘဲ ရူးနေတာသပ်သပ်မျှသာပါပဲ။ 


တိုင်းရင်းသားတွေအသံကို နားထောင်/မထောင်ဆိုတာနဲ့ ပတ်သက်ရင် - ဘယ်သူ့အသံလဲ လို့ ပြန်မေးတဲ့အခါ၊ အချက်အလက်အားဖြင့် (fact က) ဘာပြနေသလဲဆိုတော့ ဒေါ်စုက တိုင်းရင်းသားပြည်သူတွေရဲ့အသံကို နားထောင်ခဲ့တယ်ဆိုတာပါပဲ။ ဘယ်သူတွေကို ဂရုမပြုသလဲဆိုတော့ နိုင်ငံရေးအီလစ်အလွှာထဲကသူများကို ဂရုမပြုခဲ့ရုံသာပါ။ အဲဒီ အီလစ်အလွှာက လူပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်မများဟာလည်း ဂရုပြုချင်စရာကောင်းတဲ့ နှိမ့်ချမှုမျိုးမရှိဘဲ၊ ဒေါ်စုကိုသာ လက်ချာရိုက်ချင်သူ များပါတယ်။ လူထုထောက်ခံမှုရှိထားလို့လားဆိုတော့လည်း မူးလို့တောင်ရှူစရာမရှိ။ ကြာတော့ - ခေါင်းဆောင်တစ်ဦးအနေနဲ့က ဘာမှ အရာမရောက်၊ လူထုထောက်ခံမှုလည်းမရှိတဲ့ သူများရဲ့ အသံကို အချိန်ကုန်ခံ နားထောင်မနေတော့ဘူးပေါ့။ သဘာဝကျပါတယ်။ အဲဒီလို နားထောင်ကြေးဆိုရင် သူလုပ်စရာရှိတဲ့အလုပ်တွေ လုပ်ရမှာကိုမဟုတ်ဘူးရယ်။ 


ဒေါ်စုဟာ သာမန်ပြည်သူတွေရဲ့ အသံတွေကို အတတ်နိုင်ဆုံး နားထောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး Town Hall တွေလုပ်တာ series လိုက်ပါ။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန်ရှားပါးတဲ့ လူထုတွေ့ဆုံပွဲမျိုးတွေပါ။ လူထုအသံကို တိုက်ရိုက် live လွှင့်ပြီး နားထောင်တာမျိုး။ သူသွားတဲ့ ဒေသက ပြည်သူတွေရဲ့ အသံတွေကို အဲဒီဒေသမှာတင် ဒိုင်လျှိုနားထောင်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကိုပါ live လွှင့်ပြီး နားထောင်ပြခဲ့တာပါ။ EAO တွေအပါအဝင် အခြားသော နိုင်ငံရေးအင်အားစုများ အားနည်းခဲ့တဲ့အရာပေါ့။ 


ဆိုလိုတာက - ဒေါ်စုဟာ ပြည်သူနဲ့ တိုက်ရိုက်ဆက်ဆံတဲ့ နိုင်ငံရေးခေါင်းဆောင်ပါ။ ဒီတော့ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ဝန်လေးကြတဲ့ နိုင်ငံရေးအီလစ်အလွှာကလူများဟာ ဒေါ်စုကို ရှုမြင်တဲ့အခါ facts တွေထက်၊ narrative တွေ တည်ဆောက်ပြီး ချဉ်းကပ်ကြတော့တာ။ 


အခုပဲ ဖတ်လိုက်ရတာက - AA တပ်ဖွဲ့ဝင်တွေကိုပါ စစ်ကောင်စီက ကိုဗစ်ဆေးထိုးပေးပါမယ်တဲ့။ ဟောဗျာ..ရန်ဖြစ် ကြတုန်းက သူတို့အပြင် မုန်းလိုက်ကြ၊ တိုက်ခိုက်လိုက်ကြတာမရှိ။ အာဏာလည်းသိမ်းပြီးရော ဘာအသံမှ မကြားရတော့။ ရခိုင်ကိစ္စမှာကြတော့ ဒေါ်စုက လူမုန်းခံရပြီး၊ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကိုဖြစ်လို့။ တရားလည်း ကျဖို့ကောင်းပါတယ်။ 


အခုလည်း - တော်လှန်ရေးစပြီဆိုကတည်းက “ဒေါ်စုလွတ်လာရင် ဘယ်လိုလုပ်မလဲ၊ ဒေါ်စုက ရင်ကြားစေ့ရေးကို ပြန်လုပ်ရင် ဘယ်လိုလုပ်ကြမလဲ၊ ဒေါ်စုက ဟိုလိုလုပ်ရင်၊ ဒီလိုလုပ်ရင် ဘယ်လိုအာမခံမလဲ” ဆိုပြီး၊ စိုးရိမ်တကြီး ဖြစ်ကြတယ်။ နိုင်ငံရေးအီလစ်အလွှာက ဖော်ထားတဲ့ narrative တွေကြောင့် “ဒေါ်စု ပြည်သူက မည်သို့ရှိနေပါစေ၊ စစ်တပ်ကို အလွန်နားလည်လွန်းသော၊ ရင်ကြားစေ့ချင်လွန်းသော မိန်းမကြီး” လို့ မြင်လို့မို့လို့သာ မလိုအပ်တဲ့ မေးခွန်းတွေ တသီကြီးထွက်လာတာပါပဲ။ တစ်ကယ်တော့ စစ်တပ်ကို ရင်ကြားစေ့တဲ့အထဲ ဒေါ်စုတစ်ယောက်တည်း မှမဟုတ်တာ။ တိတ်တိတ်လေး ရင်ကြားစေ့နေကြတဲ့ EAO တွေမှ တစ်ပုံကြီးရယ်။ ဒါပေမယ့် ဒါကို မဖော်ပြချင်/မဖော်ပြရဲ‌တော့ ဒေါ်စုကို အတာချလိုက်ကြလေသတည်းပေါ့။ 


အခု ဒေါ်စုက “ပြည်သူဆန္ဒကိုဘယ်တော့မှ မဆန့်ကျင်ပါဘူး” လို့ ဖြေလိုက်တယ်။ ပြောစရာလည်း ကုန်ပါပြီ။ ဒါကိုပဲ “အောင်ဆန်းစုကြည်ကို မယုံဘူး” ဆိုပြီး ကိုယ်ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား narrative (delusional narrative) တွေထဲမှာ လည်နေကြဦးမယ့် လူတွေ/လူမတွေက ရှိနေပြီးသားပါ။ 

မြန်မာပြည်သူတွေနဲ့ ဒေါ်စုနဲ့က တန်လွန်းမကတန်ပါတယ်။ ဒေါ်စုဟာ ပြည်သူကို အလွန်တန်ဖိုးထားတဲ့ ခေါင်းဆောင်။ ပြည်သူကလည်း ဒီခေါင်းဆောင်ကို တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း လူမျိုးရေး/ဘာသာရေး အခြေပြုပြီး ဘယ်လောက် ဆွယ်နေပါစေ၊ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိတဲ့အခါ ဒေါ်စုကိုပဲ ထပ်ရွေးကြပါတယ်။ ဒေါ်စုနဲ့ မတန်တာက မြန်မာပြည်က နိုင်ငံရေးအီလစ်အလွှာ (စစ်တပ်အပါအဝင်) ပါ။ 


မြန်မာပြည်က နိုင်ငံရေး အီလစ်တွေဟာ အလွန်အပြင်းထူကြတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် လူထုထောက်ခံမှု ယူရမယ့်အစား ဖြတ်လမ်းက လိုက်လိုကြတယ်။ အချက်အလက်တွေက မည်ကဲ့သို့ ပြဆိုနေပါစေ၊ ဒေါ်စုကို အပုတ်ချတဲ့ narrative တွေကို ဖန်တီးခြင်းအားဖြင့်သာ သူတို့ နေရာရမယ်လို့ ယုံမှတ်ကြတယ်။ ဒါ့အပြင် ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ဆိုတဲ့ နိုင်ငံရေး principle တွေပေါ်မှာ ထိုင်နေတယ်လို့ ပါးစပ်က အော်နေပေမယ့်၊ မိမိတို့ရဲ့ အစုအဖွဲ့ဆိုင်ရာ အကျိုးစီးပွားကို အဲဒီ principle တွေက ထိခိုက်လာတဲ့အခါ လူမျိုးရေးအခြေပြုနိုင်ငံရေး (ethnic based politics) ကိုသာ ထပ်ခါတလဲလဲ ပြန်ပြီး အကာအကွယ်ယူကြတယ်။ 


ဒါကြောင့် ထပ်ပြောပါမယ် - မြန်မာပြည်က (လက်ရှိအထိရှိနေဆဲ) နိုင်ငံရေးအီလစ်အလွှာဟာ ဒေါ်စုလို ခေါင်းဆောင်မျိုးနဲ့ မတန်လွန်းမကမတန်ပါဘူး။ ဒေါ်စုဟာ စစ်တပ်အပါအဝင် နိုင်ငံရေးအီလစ်အလွှာတွေထဲမှာ မြတ်မြတ်နိုးနိုး ဆွဲကိုင်တန်ဖိုးထားကြလေ့ရှိတဲ့ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား language တွေကို ပြောတတ်တဲ့ (သို့မဟုတ်) ပြောမယ်လို့ ရွေးချယ်မယ့် ခေါင်းဆောင်တစ်ယောက် ဟုတ်မနေပါဘူး။ 


အလွန်ဝမ်းနည်းဖို့ကောင်းတာက - ဖက်ဆစ် စစ်တပ်ရဲ့ တိရစ္ဆာန်လို ကျင့်ကြံမှုကြောင့် ဒေါ်စုလို နိုင်ငံရေးခေါင်းဆောင်ရဲ့ ပျိုးထောင်မှုကို အချိန်ကြာကြာမခံစားရတော့မယ့် မြန်မာ့နိုင်ငံရေးနယ်ပယ်ပါပဲ။ အလွန် ဆုံးရှုံးမှုကြီးပါတယ်။ 

Tuesday, February 9, 2021

Military has started killing its own citizens (Myanmar)

February 09, 2021 0 Comments




We urge your urgent attention as our democratically elected leaders including State Counsellor Aung San Suu Kyi, President Win Myint along with senior government officials, and the elected members of parliament have now been detained by the military. Please kindly assist our country by stopping this military coup as it is happening right now in Myanmar( Burma). 


Aung San Suu Kyis party won a landslide victory in the recent election and the new parliament is due to start in the next few hours. 


Military has started killing its own citizens who peacefully protest !!!!!!!!!!


We need your urgent appropriate action and intervention to stop this military coup to protect the people of Myanmar (Burma) and the democratically elected National League for Democracy Government.

People of Myanmar urgently need help and kindly consider as an urgent

Thursday, February 4, 2021

Engineermovement(Myanmar)

February 04, 2021 0 Comments

 

ဒါကတော့ ကျွန်တော်တို့ Engineering နဲ့ တကယ်ဆိုင်သွားပြီ။


အစိုးရနဲ့ သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးက အင်ဂျင်နီယာ အားလုံးသာညီရင် အစိုးရယန္တရား အကုန်ထိုးရပ်ပါတယ်။

အင်ဂျင်နီယာအပေါင်းညီညွတ်ချိန်ရောက်ပြီ။


သမ္မတကြီးတောင် သေရင်သေပစေ လက်မှတ်မထိုး ပေးဘူးဆိုပြီး ရဲရင့်ခဲ့သေးတာဘဲ... ကျွန်တော်တို့တွေကော ဘာလို့မလုပ်နိုင်ရမှာလဲ။

နည်းပညာဆိုတာ Engineer တွေလက်ထဲမှာပါ။ 


ကူးယူပြီးတင်ကြပါ။


သမိုင်းမှာ အင်ဂျင်နီယာတွေ 

ငကြောက်တွေလို့ပြောရင် ငါတို့မပါခဲ့ဘူး


#Engineermovement

#CivilDisobedienceMovement

Civil_Disobedience Myanmar

February 04, 2021 0 Comments

ခုတိုင်းသွားနေရင်တော့အထွေထွေသပိတ်ကြီးလည်းအောင်မြင်မယ့်လမ်းမမြင်ဘူး ဆရာ၀န်တွေကစတယ်အကုန်မဆင်းဘူးလုပ်တယ်ညီတယ် ပြီးတော့ပညာရေး၀န်ထမ်းတွေတစ်ယောက်စနှစ်ယောက်စပါလာတယ်ဒုတိယတစ်ခုမှတင်လူအစုံမပါလာဘူး ပါချုပ်ကမပါရဲတာနဲ့ဆရာမတွေကမသိချင်ယောင်ဆောင်ရတာနဲ့ တော်ပြီလားဒီ၂ခုပဲအစိုးရ၀န်ထမ်းလား ကျန်တဲ့ဌာနတွေကမသိချင်ယောင်ဆောင်ပြီး နောက်ထပ်စစ်အစိုးရရဲ့အုပ်ချုပ်မှု အောက်မှာဘာတွေမျှော်လင့်ပြီးစောင့်စိုင်းနေကြတာတုန်းလုပ်မယ်ဆိုအစိုးရ၀န်းထမ်းမှန်သမျှတပြေးညီပါ၀င်ကြမှဒါကြီးကအထမြောက်မှာလေ ခုတိုင်းငါတို့နဲ့မဆိုင်ဘူးဆရာ၀န်တွေလုပ်တာလုပ်ကြပါစေဆိုပြီးကြည့်နေလိုက်ရင်မြန်မာလူထုထုံးစံအတိုင်းကောက်ရိုးမီးလိုပဲပြီးသွားကြလေ့မယ်

ပါ၀င်ကြပါလမ်းပန်းဆက်သွယ်ရေးကအစိုးရ၀န်ထမ်းတွေ တရားရေးရာဌာနက၀န်ထမ်းတွေ အများကြီးမှအများကြီးငှာန‌ေတွကျန်ပါ‌ေသးတယ်ဗျာခဗျားတို့ဘာတွေကြောက်နေကြတာတုန်း ခုကြောက်နေခဲ့ရင်နောက်နှစ်၅၀လောက်ထိခုလိုအမြဲကြောက်ကြောက်နဲ့ပဲဖြတ်သန်းသွားရလေ့မယ်‌ဗျ။

#save_myanmar 

#Civil_Disobedience 

#CivilDisobedience 

#WeNeedDemocracy

Wednesday, February 3, 2021

Civil disiobedience(Myanmar)

February 03, 2021 0 Comments


 အာဏာသိမ်းတယ်...


အင်တာနက်ဖြတ်လိုက်တယ်... ဘဏ်စနစ်ကြီး တခုလုံးရပ်သွားတယ်။ နောက်ကွယ်က ကိုယ်မသိတဲ့ အစိုးရ စနစ်တွေ၊ စစ်တပ်က စနစ်ကြီးတွေ အကုန် ရပ်သွားလိမ့်မယ်။ အားလုံးက ဒီ TCP/IP ပေါ်ကနေပဲ သွားနေတာ။ 


မှားမှန်းသိတော့ တမနက်နဲ့ ပြန်တက်လာတယ်... ဆက်ရပ်ထားရင် သူတို့ တပတ်မခံမှန်းသိသွားတယ်။


လူထုခေါင်းဆောင် ဖြစ်နိုင်တဲ့ "potential leader" တွေကို ခဏထိန်းလိုက်တယ်။ ခေါင်းဆောင် မလိုတဲ့ reddit movement တွေ ဘာတွေ သူတို့ မကြားဖူးဘူး။ 


တယောက်လုပ်ရင် အကုန်လိုက်လုပ်တဲ့ Memes culture နဲ့ လူတွေက ခေါင်းဆောင် မလိုပဲ လှုပ်ရှားတယ်။ ဦးနေဝင်းရေးတဲ့ "အာဏာသိမ်းနည်း စာအုပ်ကြီး" က "Age of Z" မှာ အလုပ်မဖြစ်တော့ဘူး။ အင်တာနက် Memes culture ဆိုတာ သီးသန့်ခေါင်းဆောင် နေစရာ မလိုပဲ အိုင်ဒီယာတွေ လွတ်လပ်စွာ စီးဆင်းနေတော့ ဘယ်သူ့ဖမ်းရမှန်းမသိပဲ အဝိုင်းလည်ကုန်ပီ။


လမ်းပေါ်မထွက်အောင် တပ်တွေ အစောင့်ချတယ်။ လူတွေက လမ်းပေါ်မထွက်ပဲ အိမ်ထဲက ဆလောင်းတီးတယ်။ သူတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ တကယ်တော့ ဆန္ဒထွက်ပြတယ်ဆိုတာ အဓိက information စီးဆင်းဖို့ပဲ။ လိုင်းပေါ်မှာ အလင်းအမြန်နဲ့ information တွေ သွားနေတာ၊ ဘယ်သူမှ လမ်းပေါ် နေပူခံ ထွက်စရာ မလိုဘူး။ လိုင်းပေါ်က ကော်ဖီသောက်ရင်း တော်လှန်ရုံပဲ။


ကဲ ဒီတော့ Facebook ကြီး ပိတ်လိုက်တယ်။


ဘန်းကျော်ပြီး လူတွေ ပြန်ရောက်လာတယ်။ အချင်းချင်း VPN ကျော်နည်းတွေပါ သင်ကုန်ပြီ။ တတိုင်းပြည်လုံး VPN နဲ့ ဖြစ်ကုန်လို့ IP ပါ trace လိုက်လို့ မရပဲ၊ တဖွဲ့ထဲ မိုးချုပ်ကုန်မယ်။


ဒီတော့ ဘယ်သူမှ ခေါင်းဆောင် မလုပ်နဲ့။ နောက်လိုက်ပဲလုပ်။ နောက်လိုက်က ဖမ်းလို့မရဘူး။ ထောင်မဆန့်ဘူး။ ခေါင်းဆောင်မလိုတဲ့ memes culture ကို ဆက်ပြီး ရှင်သန်ပါစေ။ မင့်ကသူများလုပ်တာ လိုက်လုပ်တာပဲလားဆိုတဲ့ စဆရကတွေ psywar လုပ်တာ နားမယောင်နဲ့။ memes သဘောအရ အိုင်ဒီယာ မျိုးစုံထွက်မှာပဲ။ နောက်ကျ genes တွေလို အလုပ်ဖြစ်တဲ့ အိုင်ဒီယာတွေပဲ ကျန်ခဲ့လိမ့်မယ်။ စိတ်သိပ်မပူနဲ့၊ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လူတတ်ကြီးလုပ်မနေနဲ့။ Memes evolution တွေက သူ့ဟာသူ ပြန်ထိန်းလိမ့်မယ်။ မရှဲနဲ့ ကော်ပီကူးတင်။ Source ကို လိုက်လို့မရအောင်လုပ်။


သူတို့ တတ်တဲ့ အာဏာသိမ်းနည်းက ၂၀ ရာစုမှ ကျန်ခဲ့ပြီ။ ၂၁ ရာစုနည်းတွေနဲ့ တိုက်ရင် ဒင်းတို့ ၆ လ မခံပါဘူး။ Cheer!!


#credit


#ConsumerBoycott

#Consumer_Boycott

#SayNoToMilitary

#SaveMyanmar

#Save_Myanmar

#Civil_Disobedience

#CivilDisobedience

#shame_kmd

Friday, October 9, 2020

မွေးနေ့အချိန်ခါ

October 09, 2020 0 Comments


 ရွှေရောင်ဝင်းဝင်း ၊ လယ်ကွင်းတွေနှင့်

ရွှေတွေသီတဲ့ ၊ စပါးတို့ဝေချန်

လတော်သလင်းချိန်ခါလေးမှာ

ခရီးလမ်းမဖြောင့် ၊ ကိုဗစ်တမောက်မို့

သွားလာခက်ခဲ ၊ နီးလေဝေးလျှက်မို့

ချစ်တဲ့သူလေး ၊မွေးနေချိန်ခါ

မလာနိုင် မလုပ်ပေးနိုင်မို့

စိတ်မဆိုးလေနှင့် ချစ်တဲ့သူရေ

နေ့ရယ် လရယ် ရက်ရယ်တွေက

လူတွေ မှတ်ချက် သက်မှတ်ချက်တွေမို့

ကိုယ်တိုအကြောင်း ကိုယ်တိုင်သတ်မှတ်မယ် 

နေ့ရက်အချိန်တိုင်း ကိုယ်တို့အတွက်

နေ့မြတ်ရယ်လို့ တွေးလေပြီးတော့်

ပျော်ရွင်ဖွယ်ရာ ချစ်အိမ်ကလေး

တည်ဆောက်ကြမယ်

မိုးလေးတဖြူးဖြူး

လတဆောင်တိုင် ၊ မွေးနေ့ချိန်ခါမှာ

သာယာမြူးတူး ၊ အချိန်ထူးတွေမို့

ကျန်မာမှုအပေါင်း ၊အေးချမ်းမှုညောင်းတဲ့

မွေးနေ့အချိန်ခါလေးပါ

ခွန်ပေႏ ရက်ရက်

ရက်ငါႏသေႏသေႏနော်